International News

ပြုပြင်ထားသော အစားအစာတင်ပို့မှု ပြန်လည်မြင့်တက်ရန်စောင့်ဆိုင်း

Last Updated:

ထိုင်းပြုပြင်ထားသောအစားအစာ ပြည်ပတင်ပို့သူမှုသည် ယခုနှစ် ပထမ (၃) လပတ်၌ ကျဆင်းခဲ့ရပြီးနောက် တတိယနှင့် စတုတ္ထ (၃) လပတ်များတွင် ပြန်လည်နာလန် ထူလာနိုင်မည်ဟု မျှော်လင့်ထားကြပါသည်။  ထိုင်းစားသောက်ကုန်ထုတ်လုပ်သူများအသင်းဉက္ကဌ Visit Limlurcha က ထိုင်းနိုင်ငံ၏ ပြုပြင်ထားသောအစားအစာများ ပြည်ပတင်ပို့မှုသည် ပထမ(၃)လပတ်တွင် ဘတ်ငွေ(၁၂၀)ဘီလီယံ ရှိခဲ့ပြီး ယမန်နှစ်ကာလတူက ရရှိခဲ့သော ဘတ်ငွေ(၁၃၈) ဘီလီယံထက် ကျဆင်းခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။

မိမိတို့အနေဖြင့် ဒုတိယ(၃)လပတ်အတွင်း စား‌သောက်ကုန်တင်ပို့မှုမှာ အေးအေးဆေးဆေးရှိခဲ့မည်ဟု ထင်မှတ်ခဲ့ကြောင်း၊ နိုင်ငံများစွာတို့အနေဖြင့် ၎င်းတို့၏ ပိတ်ဆို့မှု များကိုဖြေလျှော့ပြီး စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ နှီးနှောဖလှယ်ပွဲများနှင့် အစားအသောက် လုပ်ငန်းများကဲ့သို့သော စီးပွားရေးလုပ်ငန်းများကို ခွင့်ပြုမည့် အခြေအနေသည် တတိယနှင့် စတုတ္ထ(၃)လပတ် ကာလများ၌ အခြေအနေတိုးတက်ကောင်းမွန်လာနိုင်ကြောင်း၊ ၎င်းက စားသုံးမှုနှင့်သုံးစွဲမှုကို ပိုမိုများပြားလာစေနိုင် ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ဇန်နဝါရီလမှ မတ်လအတွင်း အစားအစာပြည်ပတင်ပို့မှု (၆.၉%) ကျဆင်းခဲ့ပြီး ဘတ်ငွေ (၂၅၇) ဘီလီယံရှိကြောင်း၊ လယ်ယာစက်မှုထုတ်ကုန် တင်ပို့မှုမှာ (၁၃၈) ဘီလီယံရှိပြီး (၀.၆%)ကျဆင်းခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည်များမှာ ပြုပြင်ထားသော အစားအစာ တင်ပို့မှုဖြစ်ကြောင်း သိရှိရပါသည်။  Mr.Visit က စုစုပေါင်း အစားအစာတင်ပို့မှုမှာ ယခုနှစ်အတွက် (၃-၅%)တိုးတက်မည်ဟု ခန့်မှန်းထားပါသည်။

ယမန်နှစ်က အစားအစာတင်ပို့မှုမှာ (၃.၈%)ကျဆင်းခဲ့ပြီး ဘတ်ငွေအားဖြင့် (၁.၀၃)ထရီလီယံ ရှိခဲ့ကြောင်း၊ သို့ရာတွင် ဒေါ်လာအားဖြင့် ဆိုပါက (၀.၂%) မြင့်တက် ခဲ့ကြောင်း၊ အမေရိကန် ဒေါ်လာ(၃၃.၁)ဘီလီယံရှိခဲ့ကြောင်း၊ အစားအစာ ပြည်ပမှတင်သွင်းမှုမှာ ဘတ်ငွေ (၄၀၁)ဘီလီယံ ရှိခဲ့ပြီး (၀.၁%)ကျဆင်းခဲ့ပါသည်။ မှတ်ပုံတင်ထားသော စာရင်းများအရ ဆန်တင်ပို့မှု (-၂၂%)၊ သကြား (-၁၃.၇%)၊ စည်သွပ်တူနာငါး(-၆%)၊ ပုဇွန်(-၉.၂%)၊ နာနတ်သီး(၁၅.၇%)တို့ ဖြစ်ပါသည်။ အစားအစာတင်ပို့မှု ကျဆင်းခြင်းက ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားကျဆင်းမှု၊ ဘတ်ငွေတန်ဖိုး မြင့်တက်ခဲ့မှုနှင့် ကမ္ဘာ့အစားအစာဈေးနှုန်းကျဆင်းခြင်းတို့ကြောင့် ဖြစ်ပါသည်။

ယမန်နှစ်က ကမ္ဘာ့အစားအစာတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ(၁.၃) ထရီလီယံရှိခဲ့ပြီး၊ (၀.၆%) ကျဆင်းခဲ့ကြောင်း၊ထိုင်းနိုင်ငံ၏ အစားအစာတင်ပို့မှုမှာ ကမ္ဘာ့အစားအစာ ကုန်သွယ်မှု၏ (၂.၅%) ရှိပါသည်။ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံသည်ထိုင်းနိုင်ငံ၏ အကြီးမားဆုံး အစားအစာ တင်ပို့သည့်နိုင်ငံဖြစ်ခဲ့ပြီး တင်ပို့မှု ဘတ်ငွေ( ၁၅၁) ဘီလီယံရှိခဲ့ကာ ၂၀၁၈ခုနှစ်ကထက် (၃၄%) မြင့်တက်ခဲ့ပြီး စုစုပေါင်း အစားအစာတင်ပို့မှု၏ (၁၄.၇%) ရှိခဲ့ပါသည်။

ထိုင်းနိုင်ငံမှာ ကမ္ဘာပေါ်တွင် ထိပ်တန်းအစားအစာတင်ပို့သည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ဆန်တင်ပို့မှုတွင်(၁၇.၅%)ဖြင့် အများဆုံးဖြစ်ပြီး၊ ၎င်းနောက်တွင် ကြက်သား၊ သကြား၊ ပြုပြင်ထားသော တူနာငါး၊ ပီလောပီနံနှင့် ပုဇွန်တို့ ပါဝင်ကြပါသည်။ Mr.Visit က ယခုနှစ်   ထိုင်းနိုင်ငံ၏ အစားအစာတင်ပို့မှုသည် ဟိုတယ်နှင့် စားသောက်ဆိုင်များအစား အမှန်တစ်ကယ် စားသုံးသူများ ဘက်သို့ဉီးတည်စေလိမ့်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

၎င်းက ထိုင်းအစားအစာတင်ပို့သူများအား စားသုံးသူများ၏စားသုံးမှုပုံစံပြောင်းလဲခြင်းနှင့် လက်လီဈေးကွက် ပုံစံပြောင်းလဲခြင်းတို့အတွက် ပြင်ဆင်ရန်နှင့် စူပါမားကက် များနှင့် အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများကို ရှောင်ရှားရန်တိုက်တွန်းခဲ့ပါသည်။ အစားအစာ တင်ပို့မှုအနေဖြင့် အမြောက်အများ ထုတ်ပိုးမှုဖြင့် တင်ပို့မှု မှသည် အထုတ်အသေးလေးဖြင့် တင်ပို့မှုသို့ပြောင်းလဲသွားနိုင်ဟု မျှော်လင့်ရကြောင်း၊ အကြောင်းမှာ ကိုရိုနာဗိုင်းရပ်စ်က စားသုံးသူများ၏ အပြုအမူကို ပြောင်းလဲစေခဲ့ ကြောင်း၊ လူအများစုမှာ ဗိုင်းရပ်စ်ကိုရှောင်ရန် အစားအစာကိုသိုလှောင်ပြီ းအိမ်များအတွင်း၌သာ နေထိုင်ခြင်းကိုရွေးချယ်လာကြခြင်းကြောင့် ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News